Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14 ) ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၉ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ University အသင်းနှင့် ချင်းလန်းအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ချင်းလန်းအသင်းမှ တိုက်စစ်ကစားသမား လှဖုန်းဦး(ကျောနံပါတ်-၁၁) က ရရှိခဲ့သည်။ University အသင်းနှင့် ချင်းလန်းအသင်းတို့ ပွဲတွင် ချင်းလန်းအသင်းက (၂-၁) ဖြင့်အနိုင်ရခဲ့သည်။ ယင်းပွဲစဥ်တွင် လှဖုန်းဦး(ကျောနံပါတ်-၁၁) သည် ခြေစွမ်းပေါ်လွင်ခဲ့သည့် အပြင် အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။



