ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဟဲခမ်းကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာမှာ ဒေသအတွင်းကျန်းမာရေးလိုအပ်ချက်မြင့်မားနေချိန် ကျန်းမာရေးဌာနတစ်ခုကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပူးပေါင်းတည်ဆောက်ခဲ့တယ်လို့ ဦးဆောင်သူများထံမှ သိရပါတယ်။ကျေးလက်ကျန်းမာရေးဌာနကို သဖန်းကုန်းဆရာတော် ဦးဝိမောက္ခမှဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်းများနဲ့တည်ဆောက်ပြီးစီးခဲ့ကာ ဇန်နဝါရီလ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။ကျန်းမာရေးဌာနတည်ဆောက်နိုင်ဖို့အတွက် (၂၀၂၄)ခုနှစ်ကနေ တစ်နှစ်ကျော်ကြာရံပုံငွေရှာဖွေခဲ့ရာ အာဏာပိုင်များ၊လုပ်ငန်းရှင်များနဲ့ ကျေးရွာသူ/သားဒေသခံများက ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် ကျပ်ငွေသိန်း(၆)ထောင်ကျော်ကုန်ကျခဲ့ပြီး ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။



