ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘန်းဘင်မြို့နယ်ရှိ ကားတာယာစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်အတွင်း မတော်တဆ လက်ဝင်ပြီး ညာဘက်လက်ကောက်ဝတ်အထိ ဖြတ်ပစ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ကိုဇော်မျိုးထိုက်အား နစ်နာကြေးအဖြစ် ဘတ်ငွေ ၇၃၀,၄၅၂ (ခုနစ်သိန်းကျော်) ရရှိခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်သည်။
၎င်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် WAG အဖွဲ့၏ အကူအညီဖြင့် နယ်မြေခံ လူမှုဖူလုံရေးရုံးသို့ တိုင်ကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် နစ်နာကြေးငွေ ရရှိခဲ့ခြင်း ဖြစ်သည်။



