မူးယစ်ဆေးဝါးအမျိုးမျိုး ရောင်းဝယ်သုံးစွဲမှု ကျယ်ပြန့်လာနေသည့် စစ်ကော်မရှင်ထိန်းချုပ်ရာ မွန်ပြည်နယ် မြို့ပေါ်နေရာများအပါအဝင် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအား အရေးယူမှုလုပ်ဆောင်သော်လည်း ရောင်းဝယ်သူများကို တရားဝင်သဖွယ် ရောင်းချခွင့်ပြုထားသည့် အခြေအနေတွင်ရှိနေဟု မူးယစ်ဆေးဝါးအရေးဆောင်ရွက်နေသူများမှ သိရသည္။ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများကို အပေးအယူတစ်စုံတစ်ရာလုပ်ဆောင်၍ ရောင်းဝယ်ခွင့်ရထားသူများသည် လက်ရှိတွင် ဂိုဏ်သဖွယ် လှုပ်ရှားလာကြပြီး ကျောင်းသားလူငယ်များကိုလည်း မက်လုံးပေးပြီး မူးယစ်ဆေးဝါးဈေးကွက် ချဲ့ထွင်လာနေကြောင်း သိရသည်။



