လာမဲ့ ပြည်ထောင်စုနေ့ နဲ့ တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်ကာလမှာ ဧရာဝတီတိုင်းဒေသကြီးက ငွေဆောင်၊ ချောင်းသာ ကမ်းခြေအပါအဝင် အပန်းဖြေစခန်းတွေမှာ အပန်းဖြေအနားယူဖို့ ဟိုတယ် နဲ့တည်းခိုခန်း ရာခိုင်နှုန်း ၉၀ နီးပါး ပြည့်နေပြီ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန က သိရပါတယ်။အများပြည်သူ ပိတ်ရက်ရှည်ဖြစ်တဲ့ လာမဲ့ ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)ကနေ တရုတ်နှစ်သစ်ကူး ပိတ် ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ထိ ခြောက်ရက်တာအတွင်း ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ နဲ့ ဂေါ်ရန်ဂျီ ကမ်းခြေတို့မှာ ဟိုတယ် နဲ့ တည်းခိုခန်းတွေမှာ တည်းခိုနေထိုင်ဖို့ ကြိုတင်ဘိုကင် တင်ထားကြတာ ဖြစ်တယ်လို့ ဆို ပါတယ်။ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေမှာ ပြည်တွင်း/ပြည်ပ ခရီးသွားတွေ တည်းခိုအ နားယူနိုင်ဖို့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်း အလုံး ၇၀ ၊ ချောင်းသာကမ်းခြေမှာ ဟိုတယ် နဲ့ တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေမှာ ဟိုတယ်ခြောက်လုံး၊ တည်းခိုခန်း သုံးလုံးနဲ့ ပုသိမ်မြို့နဲ့ အခြားဒေသတွေမှာ ဟိုတယ် နဲ့ တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



