မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက် တစ်ဆက် ပျောက်ဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် အခုအခါ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ဆိုးရွားပြီး ကူးစက်နိုင်မှု မြင့်မားတဲ့ ရောဂါတွေအတွက် ကာကွယ်ဆေး မထိုးရဘဲ ရှိနေတဲ့ ကလေးအရေအတွက် ပိုများလာနေတယ်လို့ ပြည်ပ အကူအညီပေးရေး အရာရှိ တစ်ဦးက ဆိုပါတယ်။ လွတ်မြောက်နေပြီဖြစ်တဲ့ ဒေသတွေမှာ နိုင်ငံခြား ဆေးဖက်ဆိုင်ရာ အရာရှိတွေက ကာကွယ်ဆေးထိုးနှံမှုတွေ ပြုလုပ်ပေးနေပေမယ့် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ခြုံလွှမ်းမှု ရှိတယ်လို့ သိရပါတယ်။ပြင်းထန်ပြီး ကူးစက်လွယ်တဲ့ ရောဂါတွေအတွက် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုဟာ အရင်က ၉၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း ၃၇ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ပါတယ်။၂၀၂၀ နဲ့ ၂၀၂၄ အတွင်း ကလေးငယ် ၁ ဒသမ ၂ သန်းလောက် ကာကွယ်ဆေးထိုးနှံခွင့်နဲ့ လွဲချော်ခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။နိုင်ငံတဝှမ်း ကာကွယ်ဆေး လွှမ်းခြုံမှု နည်းပါးတာကြောင့် ရောဂါ ပျံ့နှံ့မှု ဒါမှမဟုတ် ကပ်ရောဂါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ယူနီဆက်ဖ်က သတိပေးထားပါတယ်။
Jan 29 • 7:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


