ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ချွမ်သောင်းမြို့နယ် ဘန်ဟွေးမောင်အနီးမှာ ထိုင်းစစ်တပ်သုံး AT-6 အမျိုးအစားလေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွါးခဲ့တယ်လို့ ထိုင်းပြည်တွင်းသတင်းတွေကဖော်ပြပါတယ်။ဒီနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ချင်းမိုင်စစ်လေယာဉ်ကွင်းကနေ ပြန်သန်းသွားရာ မီတာ ၇၀ အကွာမှာ ပျက်ကျပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ ယာဉ်မောင်းအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။



