ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နေရာ အများစုမှာ လေထုညစ်ညမ်းနေတာကြောင့် ဇန်နဝါရီ ၂၉ - ၃၀ ကြာသပတေး၊ သောကြာ နှစ်ရက်ကို အိမ်ကနေ အလုပ်လုပ်ကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က တိုက်တွန်းလိုက်ပါတယ်။ဘန်ကောက်မြို့ရဲ့ မြို့နယ် ၃၅ ခုမှာ PM2.5 လေထုညစ်ညမ်းမှုဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ "လိမ္မော်ရောင်" အဆင့်အထိ ရောက်ရှိလာနိုင်တာကြောင့် အစိုးရဌာနတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို အဲ့ဒီ ၂ ရက်မှာ အိမ်ကနေပဲ အလုပ်လုပ်ခွင့်ပြုဖို့ BMA က မေတ္တာရပ်ခံလိုက်တာပါ။ BMA က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဆိုပါ နှစ်ရက်အတွင်း လေထုထဲက အမှုန်အမွှားတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အခုလို ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။အိမ်ကနေ အလုပ်လုပ်မယ့် အစီအစဉ်မှာ ပါဝင်မယ့် ကုမ္ပဏီတွေအနေနဲ့ BMA ရဲ့ ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင်ပေးဖို့ တိုက်တွန်းထားပါတယ်။ ပြင်ပကို ထွက်တဲ့အခါ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါတိုင်း လေစစ်ပါတဲ့ နှာခေါင်းစည်း (Mask) တွေကို မဖြစ်မနေ တပ်ဆင်ကြဖို့ အကြံပြုထားပါတယ်။
Jan 29 • 4:34 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


