ရခိုင်ပြည်တွင်း ထုတ်ကုန်တစ်ခုဖြစ်သော ဆားလုပ်ငန်းမှာ ဈေးကွက် အာမခံချက် မရှိခြင်း၊ ဝယ်လိုအားနည်းပါးခြင်းနှင် လက်ရှိ ကုန်ဈေးနှုန်း အခြေအနေတို့ကြောင့် သိသိသာသာ ထိုးကျလာနေသည်ဟု ဆားလုပ်ငန်းရှင်များထံမှ သိရသည်။ ဆားလုပ်ရာသီနှင့်အတူ ဆားပေါများသော်လည်း တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ နှင့်တောင် ဝယ်မည့် ကုန်သည်မရှိသည့် အခြေအနေများကိုလည်း ကြုံနေရကြောင်း ၎င်းက ဆက်ပြောသည်။လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ကြာ ၂၀၀၄ ခုနှစ်အထိ ရခိုင်တွင် ဆားလုပ်ဧက သုံးသောင်းကျော်ထိ ရှိခဲ့ပြီး ယင်းနောက်ပိုင်း ကုန်သည်ကြီးများ၏ လက်ဝါကြီးအုပ်စိုးမှုနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမရှိတော့ သဖြင့် ဆားလုပ်ငန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ရသည်။ ရခိုင်ဒေသအတွင်း ဆားကို ကျောက်ဖြူမြို့နယ်တွင် အများဆုံး လုပ်ကိုင်ပြီး သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း လုပ်ကိုင်ကြသည်။ ကျောက်ဖြူမြို့နယ်တွင် အများဆုံးဖြစ်ကာ သံတွဲ၊ ဂွ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အနည်းငယ် လုပ်ကိုင်ကြကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


