Under The Queen’s Umbrella နဲ့ လူကြိုက်များခဲ့တဲ့ မင်းသား Yoo Seonhoနဲ့ Twinkling Watermelonနဲ့ နာမည်ရ မင်းသမီး Shin Eun Soo တို့ ချစ်သူတွေဖြစ်နေပြီလို့ သူတို့ရဲ့ အေဂျင်စီက ထုတ်ပြန်ပါတယ်။သူတို့နှစ်ယောက်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဝန်းကျင် လောက်ကစပြီး ချစ်သူတွေအဖြစ် စတင် တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။မင်းသမီး Shin Eun-Soo ရဲ့ အေဂျင်စီ Management SOOP နဲ့ မင်းသား Yoo Seon-Ho ရဲ့ အေဂျင်စီ Hiin Entertainment တို့က ဒီနေ့ ကိုရီးယားရဲ့ နာမည်ကြီး Entertainment Media ဖြစ်တဲ့ "Newsen" ကို“သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာ အမှန်ပါ” လို့ တရားဝင် အတည်ပြု ပြောကြားခဲ့ပါတယ်။မင်းသား Yoo Seonhoနဲ့ မင်းသမီး Shin Eun Soo တို့နှစ်ဦးလုံး ၂၀၀၂ခုနှစ်မှာမွေးဖွားကြသူတွေဖြစ်ပါတယ်။



