တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကို အခြေခံသော နိုင်ငံတကာခင်းကျင်းဖွဲ့စည်းပုံကို စောင့်ထိန်းကာကွယ်ရေးအတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက ဖင်လန်ဝန်ကြီးချုပ် ပက်တာရီအော်ပိုနှင့် ပေကျင်းမြို့တော်၌ ဇန်နဝါရီ ၂၇ ရက်က တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြား လိုက်သည်။နိုင်ငံတကာ ပဋိပက္ခများအားဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုလအတွင်း ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂအခြေခံ နိုင်ငံတကာ ခင်းကျင်းဖွဲ့စည်းပုံကို ကာကွယ်မည်ဖြစ်ကြောင်း တရုတ်သမ္မတက ထုတ်ပြောခဲ့ခြင်းဖြစ်သည်။ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ကျင်းပခဲ့သော ဒါးဗို့စ်ကမ္ဘာ့စီးပွားရေးဖိုရမ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးဘုတ်အဖွဲ့ဖွဲ့စည်းကြောင်းကြေညာခဲ့ရာကုလသမဂ္ဂနှင့်စင်ပြိုင်အဖွဲ့အစည်းဖြစ် လာမည့်အရေးကို နိုင်ငံတကာခေါင်းဆောင်များက စိုးရိမ်ခဲ့ကြသည်။တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအခြေခံ နိုင်ငံတကာစနစ်ကိုစောင့်ထိန်းရေးအတွက် ဖင်လန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖင်လန်ဝန်ကြီးချုပ် အော်ပိုနှင့် တွေ့ဆုံဆွေးနွေးစဉ် သမ္မတရှီကျင်ပင်းက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသောအော်ပိုသည် တရုတ်သမ္မတ ရှီကျင်
ပင်းနှင့် ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။သမ္မတဒေါ်နယ်ထရန့်၏ ခန့်မှန်းရခက်ခဲသော မူဝါဒများကြောင့်အနောက်အုပ်စု ခေါင်းဆောင်များကတရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုပြင်ဆင်ရန် ကြိုးပမ်းနေချိန်တွင်တရုတ်နိုင်ငံသို့ ဖင်လန်ဝန်ကြီးချုပ်ရောက်ရှိနေခြင်းဖြစ်သည်။



