မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် တောင်မြေဖြိုမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။မော်လမြိုင် တောင်ဝိုင်းတောင် ဖြိုချမှုကြောင့် တောင်မြေပြိုတာ၊ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်ပြီး ဝေဖန်မှုတွေ လုပ်ဆောင်ပေမယ့် တောင်မြေဖြိုမှုကို ဆက်လက်ခွင့်ပြုထားတာပါ။လက်ရှိမှာတော့ တောင်ဝိုင်းတောင်ကို အရင်ကထက် နေ့စဉ် စက်ယန္တရားကြီးတွေ အများအပြား အသုံးပြုပြီး ဖြိုချနေသလို မြေသည်ကားကြီးတွေလည်း ထပ်တိုးကာ တစ်ရက်ကို အခေါက်ရေ ရာနဲ့ချီ သယ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
Jan 29 • 4:07 AM
မြန်မာ
မွန်
မျှဝေမည်
| 29 | 0 | 0 | 0 |


