back

ကော့တောင်ကျွန်းသန့်ရှင်းရေးတွင် မြန်မာအလုပ်သမား ၁၀၀ ကျော် ပါဝင်

Jan 29 • 4:02 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကော့တောင်ကျွန်းသန့်ရှင်းရေးတွင် မြန်မာအလုပ်သမား ၁၀၀ ကျော် ပါဝင်

ထိုင်းဘုရင်မကြီး နတ်ရွာစံခြင်း ရက် ၁၀၀ ပြည့်အထိမ်းအမှတ် အကြိုအဖြစ် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းတွင် ကျွန်း...

ထိုင်းဘုရင်မကြီး နတ်ရွာစံခြင်း ရက် ၁၀၀ ပြည့်အထိမ်းအမှတ် အကြိုအဖြစ် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့၌ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းတွင် ကျွန်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ ကော့တောင်ကျွန်းသည် ဆူရတ်ဌာနီခရိုင်အတွင်းရှိပြီး ကော့ဖန်ငကျွန်းအပိုင်းဖြစ်သည်။ ကျွန်းသန့်ရှင်းရေး တွင် ထိုင်းအာဏာပိုင်များနှင့်အတူ မြန်မာအလုပ်သမား ၁၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း Koh Tao Myanmar Community (KTMC) အဖွဲ့ဝင်ကပြောကြားသည်။ ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်ကြီး ဘုရင်မကြီး သီရိခေတ် (Her Majesty Queen Sirikit The Queen Mother) သည် ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့ညပိုင်း၌ သက်တော် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံခဲ့ခြင်းဖြစ်သည်။

news-view-count-icon

11