မန္တလေးဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှုနည်းပါးခြင်းကြောင့် စတော်ဘယ်ရီသီးဈေးနှုန်းများမှာ အနည်းငယ်သာကျဆင်းခဲ့ကြောင်းမန္တလေးဒေသခံများက ပြောသည်။ယခုနှစ်စတော်ဘယ်ရီစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးသူနည်းပါးမှုနှင့်သယ်ယူရခက်ခဲမှုများကြောင့် ကုန်ပစ္စည်းဝင်ရောက်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။စတော်ဘယ်ရီကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များမှ မန္တလေးဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလေ့ရှိသော်လည်း နိုင်ငံရေးအခြေအနေအရ ယခုနှစ်တွင်စိုက်ပျိုးသူနည်းပါးကာ အထွက်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် မန္တလေးလက်လီဈေးကွက်အတွင်း စတော်ဘယ်ရီဈေးနှုန်းများမှာ တစ်ပိဿာကိုငွေ ၄၀,၀၀၀ ကျပ်ဝန်းကျင်အထိရှိနေပြီး ပေါ်ဦးပေါ်ဖျားကာလက ၆၀,၀၀၀ ကျပ်ဝန်းကျင်အထိရှိခဲ့ကြောင်း သိရသည်။
Jan 29 • 4:00 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 13 | 0 | 0 | 0 |


