back

အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို အက်စတွန်ဗီလာအသင်း ပေါင်(၁၈.၂၅)သန်းနဲ့ ခေါ်ယူ

Jan 29 • 1:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို အက်စတွန်ဗီလာအသင်း ပေါင်(၁၈.၂၅)သန်းနဲ့ ခေါ်ယူ

အက်စတွန်ဗီလာအသင်းဟာ ဘက်ဆစ်တက်အသင်းက အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင်(၁၈.၂၅)သန်းနဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။အက်စတွန်ဗီလာအသင်းဟာ လိဂ်ချန်ပီယံရှစ်မှာရှိစ...


အက်စတွန်ဗီလာအသင်းဟာ ဘက်ဆစ်တက်အသင်းက အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ပေါင်(၁၈.၂၅)သန်းနဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။အက်စတွန်ဗီလာအသင်းဟာ လိဂ်ချန်ပီယံရှစ်မှာရှိစဉ် ၂၀၁၈-၁၉ ရာသီတုန်းက အေဘရာဟမ်ကို တစ်ရာသီအငှားခေါ်ယူခဲ့ဖူးတာကြောင့် အခု ဒုတိယအကြိမ် ထပ်မံလက်တွဲခြင်းဖြစ်ပါတယ်။အေဘရာဟမ်ဟာ ၂၀၁၈-၁၉ ရာသီတုန်းက အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရအောင် အဓိကနေရာက ကူညီပေးနိုင်ခဲ့တာကြောင့် အက်စတွန်ဗီလာပရိသတ်တွေ သဘောကျတဲ့ ကစားသမားဖြစ်သလို၊ လက်ရှိနည်းပြ အူနိုင်းအမ်မရီကလည်း အေဘရာဟမ်ကို ခေါ်ယူဖို့ အရင်ကတည်းက ဆန္ဒရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟမ်က ချယ်လ်ဆီးအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၁ နွေရာသီမှာ ရိုးမားအသင်းဆီ ပေါင်(၃၄)သန်းနဲ့ ရောင်းထုတ်ခဲ့တာပါ။ရိုးမားအသင်းကလည်း အေဘရာဟမ် ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းမှာ ဆက်မထားလိုတော့ဘဲ အငှားချမှုတွေ ပြုလုပ်ခဲ့ပြီး ဘက်ဆစ်တက်အသင်းက နောက်ဆုံးအငှားကစားတဲ့အသင်းဖြစ်ပါတယ်။

news-view-count-icon

13