ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင် ရပ်စောက်သွားလမ်းပေါ် ဟက်ကယ် တိုးဂိတ်သည် ဒေသခံ ခရီးသွားများသာမက ၊ ဝန်ထမ်းများပါမကျန် ငွေကြေး ကောက်ခံနေ၍ ဝန်ထမ်းများလည်း စိတ်ညစ်နေရကြောင်း ဒေသခံ များက ပြောသည်။ "လမ်းတွေသာ မကောင်းတာ အသွားအပြန် က ၁၇၀၀ ကျပ်ပဲ။ အနည်းဆုံး ၁၀၀၀ တစ်ထောင်ကျပ် ပေးရတယ်။ ဘီးခွန် မပါရင် ပိုပေးရတယ်။ ”ဟု ခရီးသွား တစ်ဦးကပြောသည်။တချို့ ဒေသခံများသည် ရွှေညောင် နှင့် တောင်လေးလုံး ကို ပင် ၁,၇၀၀ ကျပ် ပေးဆောင်နေရသဖြင့် ရေရှည် အတွက် ငွေကြေး ကုန်ကျစရိတ်များနေကြောင်း ညည်းတွားနေကြခြင်း ဖြစ်သည်။



