မန်ယူအသင်းမှာ ယာယီနည်းပြ ကာရစ်လက်ထက် နှစ်ပွဲဆက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဒိန်းမတ်တောင်ပံကစားသမား ဒေါ်ဂူဟာ တံကောက်ကြောဒဏ်ရာကြောင့် (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။ဒေါ်ဂူ(၂၁ နှစ်)ဟာ ၂၀၂၅ ဖေဖော်ဝါရီမှာမှ လက်ချီကနေ မန်ယူအသင်းကို ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၄)ပွဲကစားကာ (၃)ဂိုးသွင်းယူပေးထားပါတယ်။ဒေါ်ဂူဟာ မန်ယူအသင်း ခြေစွမ်းပြနိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် နှစ်ပွဲစလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့ရုံသာမက တစ်ပွဲတစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ညာဘက်တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် မိနစ်(၈၀)ကျော်မှာ လူစားလဲခံခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုတွေအရ (၁၀)ပတ်ဝန်းကျင် အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။



