ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့် ကွန်ယက်-MPRWG ၏ လပတ်အစည်းအဝေးတစ်ခုကို ယမန်နေ့ ဇန်နဝါရီလ ( ၂၇) ရက်နေ့တွင် Queen Palace Hotel ၌ကျင်းပခဲ့ကြောင်း MPRWG မှသိရသည်။ ထိုအစည်းအဝေးတွင် MRPWG ၏ ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ကွန်ယက်၏ လုပ်ဆောင်ချက်များနှင့် ကွန်ယက်အဖွဲ့ဝင်ကြား ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရသည်။ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးမြှင့်တင်ရေးကွန်ရက် - MRPWG သည် မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ INGO.s ၊ NGO.s ၊ CBO.s များ နှင့် ဖွဲ့စည်းထားသော ကွန်ယက်ဖြစ်သည်။မဲဆောက်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အလုပ်သမားအရေး ပညာရေး ကျန်းမာရေး များကို အကူညီတောင်းခံနိုင်သလို အခြားသော ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် အကူညီတောင်းခံနိုင်ကြောင်း တက်ရောက်ခဲ့သည့် Arakan Workers Organization ကလည်းထုတ်ပြန်ထားသည်။



