back

စင်ကာပူ Orchard Road မှာ ကားနဲ့ လော်ရီတိုက်မိပြီး လူ ၁၃ ဦး ဆေးရုံတင်ရ

Jan 29 • 1:38 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Orchard Road မှာ ကားနဲ့ လော်ရီတိုက်မိပြီး လူ ၁၃ ဦး ဆေးရုံတင်ရ

စင်ကာပူနိုင်ငံရဲ့ အချက်အချာကျတဲ့ Orchard Road မှာ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် မနက်အစောပိုင်းက လော်ရီကားတစ်စီးနဲ့ ကားတစ်စီး တိုက်မိခဲ့ပြီးနောက် လူပေါင်း ၁၃ ဦး ဆေးရုံ...

စင်ကာပူနိုင်ငံရဲ့ အချက်အချာကျတဲ့ Orchard Road မှာ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက် မနက်အစောပိုင်းက လော်ရီကားတစ်စီးနဲ့ ကားတစ်စီး တိုက်မိခဲ့ပြီးနောက် လူပေါင်း ၁၃ ဦး ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။ ဒီမတော်တဆမှုဟာ မနက် ၆ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ Orchard Road နဲ့ Orchard Link လမ်းဆုံမှာ ဖြစ်ပွားခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံးဟာ လမ်းဘေးပလက်ဖောင်းပေါ်ကို ထိုးတက်သွားခဲ့ပြီး နာမည်ကြီး Apple Store ရှေ့က လမ်းဘေးထိုင်ခုံတွေကိုပါ တိုက်မိပျက်စီးခဲ့ပါတယ်‌။အခင်းဖြစ်ပွားရာနေရာကို စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က မနက် ၆ နာရီ ၂၀ မိနစ်မှာ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံအသီးသီးကို ခွဲဝေပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၆ ဦးကို Tan Tock Seng ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကိုတော့ Singapore General ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် တခြားလူ ၅ ဦးဟာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမဲ့ ဆေးရုံတက်ဖို့ ငြင်းဆိုခဲ့ကြပါတယ်‌။ဆေးရုံတင်လိုက်ရတဲ့ လူ ၁၃ ဦးထဲမှာ အသက် ၆၄ နှစ်အရွယ် ကားမောင်းသူ အမျိုးသားတစ်ဦးနဲ့ လော်ရီကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၃၀ ကနေ ၅၁ နှစ်ကြားရှိတဲ့ နိုင်ငံခြားသား အလုပ်သမား ၁၂ ဦးတို့ ပါဝင်ပါတယ်။ သူတို့အားလုံးဟာ ဆေးရုံကို ပို့ဆောင်ချိန်မှာ သတိရနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဒီယာဉ်တိုက်မှုဟာ ဘယ်လိုကြောင့် ဖြစ်ပွားခဲ့ရသလဲဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်‌။

news-view-count-icon

9