back

စင်ကာပူ MRT ပေါ်မှာ ခရီးသည်တွေကို ရေနဲ့လိုက်ထွေးခဲ့တဲ့ အမျိုးသမီး တရားစွဲခံရပြီး စိတ်ကျန်းမာရေးဆေးရုံ ပို့ဆောင်ခံရ

Jan 29 • 1:37 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ MRT ပေါ်မှာ ခရီးသည်တွေကို ရေနဲ့လိုက်ထွေးခဲ့တဲ့ အမျိုးသမီး တရားစွဲခံရပြီး စိတ်ကျန်းမာရေးဆေးရုံ ပို့ဆောင်ခံရ

စင်ကာပူနိုင်ငံ MRT ရထားပေါ်မှာ ခရီးသည်တွေကို ရေနဲ့ ငုံပြီး လိုက်ထွေးခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကို အများပြည်သူအား အနှောင့်အယှက်ပေးမှု (Public Nuisance) ...

စင်ကာပူနိုင်ငံ MRT ရထားပေါ်မှာ ခရီးသည်တွေကို ရေနဲ့ ငုံပြီး လိုက်ထွေးခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကို အများပြည်သူအား အနှောင့်အယှက်ပေးမှု (Public Nuisance) နဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။ Sabrina Han Meizhen အမည်ရတဲ့ အဲ့ဒီစင်ကာပူအမျိုးသမီးကို စိတ်ကျန်းမာရေးအခြေအနေ စစ်ဆေးဖို့အတွက် စိတ်ကျန်းမာရေးဆေးရုံ (IMH) မှာ သီတင်းပတ်နှစ်ပတ်ကြာ ထိန်းသိမ်းစစ်ဆေးဖို့ တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်‌။ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က Choa Chu Kang MRT Station မှာ ရထားစီးနင်းနေစဉ်အတွင်း အမျိုးသမီးဟာ ရေပုလင်းတစ်လုံးကို ကိုင်ဆောင်ပြီး ခရီးသည်တစ်ဦးကို ရေနဲ့ ငုံပြီးလိုက်ထွေးခဲ့တာပါ။ ဒီလုပ်ရပ်ကို အနီးနားက ခရီးသည်တစ်ဦးက တားဆီးဖို့ ကြိုးစားပြီး ရေပုလင်းကို လုယူခဲ့ပေမဲ့ အမျိုးသမီးက ပြန်လည်ရုန်းကန်ခဲ့ပါတယ်။ ဒီဖြစ်စဉ် ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ အာဏာပိုင်တွေက သူမကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်‌။သူမဟာ အော်တစ်ဇင် (Autism) ဝေဒနာရှင်တစ်ဦးဖြစ်သလို အသက် ၁၇ နှစ်အရွယ်ကတည်းက စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့ စိတ်ရောဂါ (PTSD) ကို ခံစားနေရသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ အကယ်၍ သူမမှာ အပြစ်ရှိကြောင်း ထင်ရှားရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်‌။

news-view-count-icon

7