ထိုင်းနိုင်ငံတွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲအတွင်း အမျိုးသမီးအားကစားသမားများနှင့် အားကစားလောကမှ ဝန်ထမ်းများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်ပေါင်း ၁၀ ခုအထိ တိုင်ကြားချက်များ ရှိခဲ့ကြောင်း ထိုင်းအိုလံပစ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆူဝန်နာ ဆီလပါအာချာ က အင်္ဂါနေ့တွင် ပြုလုပ်သည့် အားကစားလောကအတွင်း ဘေးကင်းလုံခြုံရေး ပိုမိုခိုင်မာစေရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ ယခုအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။



