back

တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ

Jan 28 • 2:48 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ

ဇန်နဝါရီ ၂၆ ရက်တွင် တရုတ်-လာအို ရထားလမ်းသည် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲခဲ့သည်။ ပထမဆုံးရထားကို ယင်းနေ့ ညနေ ၄ နာရီခန့်...

ဇန်နဝါရီ ၂၆ ရက်တွင် တရုတ်-လာအို ရထားလမ်းသည် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲခဲ့သည်။ ပထမဆုံးရထားကို ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ ယန်ဟော်ဘူတာမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာသို့ ခရီးပြု ထွက်ခွာခဲ့သည်။ ယခုအကြိမ် အသစ်ထပ်တိုးသည့် တရုတ်-လာအိုရထားလမ်း၌ ပြေးဆွဲသော ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထားများသည် တရုတ်နိုင်ငံ ယွိရှီးမြို့ ယန်ဟော်ဘူတာ၊ ကူမင်းမြို့ ကျုံးရီကျေးရွာဘူတာ၊ ယွိရှီးမြို့တောင်ဘက်ဘူတာ စသည်တို့မှ စတင်ထွက်ခွာမည်ဖြစ်ရာ ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး ၄ ကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ 



news-view-count-icon

2