ဘန်ကောက် ဘန်ခဲက ဒီကြောင်ကဖေးမှာ ပိုင်ရှင်ရဲ့ သားဖြစ်သူက ကြောင်လေးတွေကို နှိပ်စက်နေတဲ့ ဗီဒီယို ၃ ခု လိုင်းပေါ်တက်လာတာဖြစ်ပြီး တိရစ္ဆာန်အရေးဆောင်ရွက်ပေးနေတဲ့ Watchdog Thailand Foundation (WDT) ကတင်ထားတာပါ။ အခုလို နှိပ်စက်တာတွေအပြင် ကြောင်တွေကို အစာမကျွေး၊ ရေမတိုက်ဖြစ်ထားပြီး ပိန်နေအောင် ထားထားသလို၊ အမွှေးတွေကိုလည်း သန့်စင်ပေးခြင်းမရှိ ဖွာလန်ကြဲနေပါတယ်။ Watchdog Thailand Foundation က ဒီအမှုကို ရဲတိုင်ခဲ့တဲ့နောက် ရဲစခန်းက စစ်ဖို့ မလာခင်မှာတင် ဆိုင်ရှင်က ဆိုင်ကိုပိတ်ထားပြီး ကျူးလွန်သူတရားခံက ဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။



