အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ၅၉ ခု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့အား ကမ္ဘောဇဘဏ် (KBZ) နာယက ဦးအောင်ကိုဝင်းနှင့် ဝန်ထမ်းမိသားစုများက စုစုပေါင်း ထိုင်းဘတ် ၃၅ သိန်း ၅ သောင်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုငွေကို ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်၌ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေတံဆိပ်တစ်ခုလျှင် ဘတ် ၁ သိန်း၊ ငွေတံဆိပ် ဘတ် ၅ သောင်းနှင့် ကြေးတံဆိပ် ဘတ် ၃ သောင်းနှုန်းဖြင့် (တစ်ဦးချင်း/အသင်းလိုက်) အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
Jan 28 • 5:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


