back

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်(၁၈)ပွဲစလုံးကို ဒီနေ့ည တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမယ်

Jan 28 • 5:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့် နောက်ဆုံးပွဲစဉ်(၁၈)ပွဲစလုံးကို ဒီနေ့ည တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမယ်

၂၀၂၅-၂၆ ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ၏ League Phase အဆင့် နောက်ဆုံးပွဲစဉ် ၁၈ ပွဲစလုံးကို ယနေ့ည (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၂ နာရီ ၃၀ မိနစ်) တွင်...

၂၀၂၅-၂၆ ရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ၏ League Phase အဆင့် နောက်ဆုံးပွဲစဉ် ၁၈ ပွဲစလုံးကို ယနေ့ည (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်၊ နံနက် ၂ နာရီ ၃၀ မိနစ်) တွင် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ၃၆ သင်းအနက် အဆင့် (၁) မှ (၈) အတွင်း ရပ်တည်သူများသည် ရှုံးထွက် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်မည်ဖြစ်ပြီး၊ အဆင့် (၉) မှ (၂၄) အတွင်းရှိအသင်းများမှာ Play-offs အဆင့် ဆက်လက်ကစားရမည်ဖြစ်သည်။ လက်ရှိတွင် အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ တိုက်ရိုက်တက်ရောက်ခွင့် ရရှိထားပြီးဖြစ်သော်လည်း ဖရန့်ဖတ်၊ ဆလားဗီးယားပရပ်ဂ်၊ ဗီလာရီးယဲလ်နှင့် ကိုင်ရတ်တို့မှာ ပြိုင်ပွဲမှ ထွက်ခွာရရန် သေချာသွားပြီဖြစ်သည်။ ယနေ့ညပွဲစဉ်များသည် အဆင့်ရပ်တည်မှုများနှင့် ရှုံးထွက်အဆင့် တက်ရောက်မည့်အသင်းများကို အဆုံးအဖြတ်ပေးမည်ဖြစ်ကာ အင်္ဂလန်ကလပ် ၆ သင်းစလုံး တိုက်ရိုက်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

23