မြန်မာအမျိုးသမီးလိဂ်၏ ချန်ပီယံဆု အဆုံးအဖြတ်ဗိုလ်လုပွဲကို ဇန်နဝါရီ ၃၁ ရက်၊ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ရာ ဧရာဝတီယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီအသင်းက (၃) မှတ်အသာဖြင့် ဇယားထိပ်ဆုံး၌ ရှိနေသောကြောင့် ချန်ပီယံဖြစ်ရန် သရေရလဒ်ရုံဖြင့် လုံလောက်ပြီး အနိုင်ရပါက ရှုံးပွဲမရှိ ချန်ပီယံသစ် ဖြစ်လာမည်ဖြစ်သည်။ ISPE အသင်းအတွက်မူ ဂိုးကွာခြားချက် အသာရထားသဖြင့် ဧရာဝတီကို အနိုင်ကစားနိုင်မှသာ လိဂ်သမိုင်းတွင် ပထမဆုံးအကြိမ် (၄) ကြိမ်မြောက် ချန်ပီယံအဖြစ် သမိုင်းသစ်ရေးထိုးနိုင်မည်ဖြစ်ရာ နှစ်သင်းစလုံးအတွက် အလွန်အရေးပါသော ပွဲစဉ်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 28 • 5:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


