back

မိုးနဲ ရဲစခန်းမှူးနှင့် ဒုမြို့နယ်မှူး လိုင်စင်မဲ့ကားများ လက်ဝယ်ရှိမှုဖြင့် ဖမ်းဆီးခံရ

Jan 28 • 4:09 AM

breaking-news

မြန်မာ

ရှမ်း

cover

မိုးနဲ ရဲစခန်းမှူးနှင့် ဒုမြို့နယ်မှူး လိုင်စင်မဲ့ကားများ လက်ဝယ်ရှိမှုဖြင့် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်၊ မိုးနဲမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းမင်းထွန်းနှင့် ဒုစခန်းမှူး ရဲအုပ်တင်အောင်ဇော်တို့ကို လိုင်စင်မဲ့ကားများ လက်ဝယ်ထားရှိမှု၊ ယခင်ပြစ်ချက်ဟောင်းမျ...

ရှမ်းပြည်နယ်၊ မိုးနဲမြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းမင်းထွန်းနှင့် ဒုစခန်းမှူး ရဲအုပ်တင်အောင်ဇော်တို့ကို လိုင်စင်မဲ့ကားများ လက်ဝယ်ထားရှိမှု၊ ယခင်ပြစ်ချက်ဟောင်းများနှင့် စခန်းစည်းကမ်းပိုင်း လစ်ဟင်းမှုများကြောင့် ဇန်နဝါရီ ၂၆ ရက်တွင် နမ့်စန်ခရိုင်ရဲရုံးက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။ ရဲချုပ် ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးသည် ဇန်နဝါရီ ၂၀ ရက်က တာဆန်းတံတားဖွင့်ပွဲအပြီး မိုးနဲရဲစခန်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် စခန်းမှူးမှာ တာဝန်ချိန်အတွင်း အကြောင်းပြချက်မရှိဘဲ ပျက်ကွက်နေခြင်း၊ စခန်းအတွင်း လိုင်စင်မဲ့ကားများ တွေ့ရှိခြင်းနှင့် စခန်းခြံစည်းရိုးပျက်စီးနေမှုများကို မပြင်ဆင်ခြင်းတို့ကြောင့် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။ အဆိုပါစခန်းမှူးသည် ယခင်ကလည်း လောင်းကစားဝိုင်းများထံမှ ငွေယူခွင့်ပြုခဲ့သဖြင့် သတိပေးခံထားရသူဖြစ်ပြီး ၎င်းတို့နေရာတွင် အစားထိုးရန် နမ့်စန်မှ ဒုရဲမှူးမျိုးခိုင်အား တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

19