နာမည်ကြီး မဟာမြိုင်ပုဂ္ဂလိကဆေးရုံ၏ အများဆုံးရှယ်ယာရှင် ဦးခင်မောင်မြင့် (ခ) ဦးရှိုးတီနှင့် ကျန်ဒါရိုက်တာ (၃) ဦးတို့အကြား ငွေကြေးစာရင်းရှင်းလင်းမှု၊ ရှယ်ယာတန်ဖိုးပြန်လည်သတ်မှတ်မှုနှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အပြန်အလှန်ကန့်ကွက်လွှာများထုတ်ပြန်ကာ အငြင်းပွားမှုများဖြစ်ပွားနေကြောင်း သိရသည်။ ဦးခင်မောင်မြင့်ဘက်က ၎င်းအား ဆေးရုံဝင်ခွင့်ပိတ်ပင်ထားပြီး ကျပ်သိန်း ၇၀၀၀ အပါအဝင် ငွေစာရင်းများကို ထိန်ချန်ထားကြောင်း စွပ်စွဲထားသော်လည်း ကျန်ဒါရိုက်တာများဘက်ကမူ ဦးခင်မောင်မြင့်သည် လုပ်ငန်းမှနုတ်ထွက်ရန် ကိုယ်တိုင်လက်မှတ်ထိုးခဲ့ပြီးဖြစ်သည့်အပြင် ဆေးရုံပိုင်ငွေ ကျပ်သိန်း ၉၀၀၀ ကျော်ကို ၎င်းကယူဆောင်ထားကာ စာရင်းရှင်းရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားရာ ယခုအခါ နှစ်ဖက်စလုံးက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားကြကြောင်း သိရှိရပါသည်။
နာမည်ကြီးပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် မဟာမြိုင်ပုဂ္ဂလိကအထူးကုဆေးရုံ၏ အစုရှယ်ယာရှင်များအကြား အငြင်းပွားမှုဖြစ်ပွားနေ
Jan 28 • 4:08 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


