back

ပြင်သစ်နိုင်ငံ၌ အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာအသုံးပြုမှု ပိတ်ပင်သည့် ဥပဒေကြမ်း အတည်ပြု

Jan 28 • 4:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြင်သစ်နိုင်ငံ၌ အသက် ၁၅ နှစ်အောက် ကလေးများ လူမှုမီဒီယာအသုံးပြုမှု ပိတ်ပင်သည့် ဥပဒေကြမ်း အတည်ပြု

ပြင်သစ်နိုင်ငံတွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခြင်းကို ပိတ်ပင်တားဆီးမည့် ဥပဒေကြမ်းကို အောက်လွှတ်တော်အမတ်များက ဇန်နဝါရီ ၂၇ ရက်တွင် အတည်ပြုလ...

ပြင်သစ်နိုင်ငံတွင် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုမီဒီယာအသုံးပြုခြင်းကို ပိတ်ပင်တားဆီးမည့် ဥပဒေကြမ်းကို အောက်လွှတ်တော်အမတ်များက ဇန်နဝါရီ ၂၇ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါဥပဒေကြမ်းကို သမ္မတ အီမန်နျူရယ် မက်ခရွန်းကိုယ်တိုင် ထောက်ခံအားပေးထားပြီး ကလေးများ ဖုန်းနှင့် စခရင်အလွန်အကျွံကြည့်ရှုခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကာ ၎င်းက "အဓိကခြေလှမ်းတစ်ရပ်" အဖြစ် ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို အောက်လွှတ်တော်တွင် ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ အထက်လွှတ်တော်သို့ ပေးပို့အတည်ပြုချက် ရယူသွားမည်ဖြစ်သည်။ ဤသို့ ပြဋ္ဌာန်းခြင်းကြောင့် ပြင်သစ်သည် ဩစတြေးလျနိုင်ငံပြီးနောက် ကလေးများအတွက် လူမှုမီဒီယာပိတ်ပင်သည့် ဥပဒေထုတ်ပြန်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာကြောင်း သိရှိရပါသည်။

news-view-count-icon

18