back

ကြီးကျယ်ခမ်းနားသည့် အရာများလုပ်ပြမည်ဟု ပီရက်ဇ်ပြော

Jan 28 • 4:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကြီးကျယ်ခမ်းနားသည့် အရာများလုပ်ပြမည်ဟု ပီရက်ဇ်ပြော

ယခုနှစ် ဖော်မြူလာဝမ်း (F1) ရာသီတွင် ပထမဆုံးအကြိမ် စတင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကာဒီလက်စ် (Cadillac) အသင်းနှင့်အတူ ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများရယူကာ သမိုင်...

ယခုနှစ် ဖော်မြူလာဝမ်း (F1) ရာသီတွင် ပထမဆုံးအကြိမ် စတင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကာဒီလက်စ် (Cadillac) အသင်းနှင့်အတူ ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများရယူကာ သမိုင်းသစ်တစ်ခု ရေးထိုးလိုကြောင်း ဒရိုင်ဗာ ဆာဂျီယိုပီရက်ဇ် (Sergio Perez) က ပြောကြားလိုက်သည်။ အသက် ၃၅ နှစ်အရွယ် မက္ကဆီကိုဒရိုင်ဗာ ပီရက်ဇ်သည် ဝါရင့်ဒရိုင်ဗာ ဘော့တက်စ်နှင့်အတူ ကာဒီလက်စ်အသင်းအတွက် ပူးပေါင်းမောင်းနှင်မည်ဖြစ်ပြီး၊ ဖော်မြူလာဝမ်း၏ စည်းကမ်းသစ်များအောက်တွင် ၎င်းတို့အသင်းအနေဖြင့် လျင်မြန်စွာ တိုးတက်လာမည်ဟု ယုံကြည်နေသည်။ ကာဒီလက်စ်အသင်းသည် ဇန်နဝါရီ ၁၆ ရက်က ၎င်းတို့၏ ပထမဆုံးပြိုင်ကားကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပြီး၊ အသင်းသစ်နှင့်အတူ အကောင်းဆုံးရာသီတစ်ခု ဖြစ်လာစေရန် နှစ်ဖက်ဒရိုင်ဗာစလုံးက မျှော်လင့်ချက်အပြည့်ဖြင့် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

13