ကမ္ဘာ့အဆင့် (၁) ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာသည် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်တွင် အမေရိကန်တင်းနစ်မယ် ဂျိုဗစ်ကို ၈၉ မိနစ်အတွင်း (၆:၃၊ ၆:၀) ဖြင့် အလွယ်တကူအနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ယခုနှစ်တွင် ချန်ပီယံဆုရယူရန် ပစ်မှတ်ထားကြောင်း ပြောကြားလိုက်သည်။ အသက် ၂၇ နှစ်အရွယ် ဆာဘာလန်ကာသည် ပြီးခဲ့သည့် ၃၈ နှစ်တာကာလအတွင်း ဂရင်းစလမ်ပြိုင်ပွဲ ၈ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် ပထမဆုံးတင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်က ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် အတွေ့အကြုံကို သင်ခန်းစာယူကာ ယခုအကြိမ်တွင် ဖလားရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်အဆင့်တွင် သူမသည် ကိုကိုဂတ်ဖ်နှင့် ဗီတိုလီနာတို့ပွဲမှ အနိုင်ရသူနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 28 • 4:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


