back

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

Jan 28 • 4:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းမပေါ်တွင် အမြန်မောင်းနေသည့် ပစ်ကပ်ကားနောက်ခန်း၌ ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံဟန်ဆောင်ကာ ဗီဒီယိုရိုက်ကူးခဲ့သည့် ရုရှားဘလော့ဂါ ဂျော်ဂ...

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းမပေါ်တွင် အမြန်မောင်းနေသည့် ပစ်ကပ်ကားနောက်ခန်း၌ ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံဟန်ဆောင်ကာ ဗီဒီယိုရိုက်ကူးခဲ့သည့် ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ကွန်ပျူတာအက်ဥပဒေဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် ထိုင်းအမျိုးသမီးတစ်ဦးအား ဘတ် ၁,၀၀၀ ပေးကာ အများပြည်သူကြည့်ရှု၍ မသင့်လျော်သော ဗီဒီယိုကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ထိုင်းထောင်အတွင်း တစ်နှစ်ကျခံစေကာ ရုရှားသို့ ပြန်ပို့ပြီးနောက် ထိုင်းနိုင်ငံသို့ (၉၉) နှစ်ကြာ ဝင်ခွင့်ပိတ်သည့် (Blacklist) ပြစ်ဒဏ်ပါ သတ်မှတ်ခဲ့သည်။ ဤအမှုတွင် ပါဝင်သည့် ကင်မရာမင်းမှာ ထောင်ဒဏ်တစ်နှစ်နှင့် ပြည်နှင်ဒဏ်၊ ဗီဒီယိုထဲမှ ထိုင်းအမျိုးသမီးမှာ ထောင်ဒဏ် (၁၀) လ အသီးသီး ချမှတ်ခံခဲ့ရကြောင်း သိရှိရပါသည်။

news-view-count-icon

21