မကွေးတိုင်း ၊ ချောက်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ ပိုပြီးများပြား လာတာကြောင့် လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်စပိုင်းလောက်က စတင်ပြီး ချောက်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက်မှာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်း (အန်ကလုံ) စတဲ့ လောင်းကစားတွေကို လုပ်ဆောင်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“ လောင်းကစား နယ်မြေက တော်တော်ဆိုးတယ်။ သိန်းထောင်ချီပေါက်တာကို ရွာလူကြီးကိုယ်တိုင်ပါတာဆိုတော့ လူငယ်တွေကလည်း ဒါကိုပဲအာရုံကျနေကြတယ်။ ခိုးဆိုး လုယက်မှုတွေဖြစ်လာမှာ စိုးရိမ်တယ် ”လို့ ချောက်နယ်ခံတစ်ယောက်က ပြောပါတယ်။
Jan 28 • 3:45 AM
မြန်မာ
မကွေး
မျှဝေမည်
| 17 | 0 | 0 | 0 |


