နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များကို ထောက်ခံသည့်ပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားသို့ သံဃာတော်များ၊ သီလရှင်များနှင့် နိုင်ငံရေးပါတီဝင်များ အပါအဝင် ပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဆရာတော်များက မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုမရှိကြောင်း ဟောပြောခဲ့ကြပြီး၊ တက်ရောက်လာသူများက ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာဒေါ်သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေကြောင်းနှင့် မဟုတ်မမှန်စွပ်စွဲမှုများ ရပ်တန့်ရန် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ထို့နောက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားကာ အခမ်းအနားကို ငြိမ်းချမ်းစွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Jan 28 • 3:29 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


