back

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ် စစ်ဆေးမှုများပြုလုပ်၊ ကူးစက်ခံရသူ မတွေ့ရှိသေး

Jan 28 • 3:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် နီပါးရ်ဗိုင်းရပ်စ် စစ်ဆေးမှုများပြုလုပ်၊ ကူးစက်ခံရသူ မတွေ့ရှိသေး

အိမ်နီးချင်းနိုင်ငံအချို့တွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်၌ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကိုးလ်ကတ္တား) မှ လ...

အိမ်နီးချင်းနိုင်ငံအချို့တွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်၌ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကိုးလ်ကတ္တား) မှ လာရောက်သည့် ခရီးသည်များကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိရာ လက်ရှိအချိန်ထိ ကူးစက်ခံရသူ မတွေ့ရှိသေးကြောင်း သိရသည်။ လေဆိပ်အာဏာပိုင်များသည် အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သတိပေးကတ်ပြားများ (Health Beware Card) ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်နေပြီး၊ သံသယဖြစ်ဖွယ် လက္ခဏာရှိသူတွေ့ရှိပါက သီးခြားခွဲထားကာ ဆေးရုံသို့ ပို့ဆောင်ရန် အဆင်သင့်ပြင်ဆင်ထားသည်။ တစ်ဖက်တွင်လည်း ကျန်းမာရေးပညာရှင် ဒေါက်တာယောင်ပူဝိုရာဝန်က နီပါးရ်ဗိုင်းရပ်စ်သည် ကူးစက်နှုန်းနည်းပါးသည့်အတွက် ကိုဗစ်-၁၉ ကဲ့သို့ ပြင်းထန်စွာ ကူးစက်ပြန့်ပွားနိုင်ခြေမရှိကြောင်း ပြည်သူများကို အသိပေးပြောကြားထားသည်ဟု သိရှိရပါသည်။

news-view-count-icon

10