back

ပျဉ်းမနားတွင် ဟင်းသီးဟင်းရွက်အဓိကထားပြီး စိုက်ခိုင်းလို့ သပြေစိုက်တောင်သူတွေ  အခက်ကြုံနေရ

Jan 28 • 3:47 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပျဉ်းမနားတွင် ဟင်းသီးဟင်းရွက်အဓိကထားပြီး စိုက်ခိုင်းလို့ သပြေစိုက်တောင်သူတွေ  အခက်ကြုံနေရ

ပျဥ်းမနားဒေသက သပြေခြံ စိုက်ပျိုးလုပ်ကိုင်နေတဲ့သူတွေကို သက်ဆိုင်ရာက ဟင်းသီးဟင်းရွက်ကို အဓိကထားပြီး ပြောင်းလဲစိုက်ပျိုးခိုင်းတဲ့အတွက် သပြေခြံစိုက်ပျိုးသူတွေနဲ့သပြ...

ပျဥ်းမနားဒေသက သပြေခြံ စိုက်ပျိုးလုပ်ကိုင်နေတဲ့သူတွေကို သက်ဆိုင်ရာက ဟင်းသီးဟင်းရွက်ကို အဓိကထားပြီး ပြောင်းလဲစိုက်ပျိုးခိုင်းတဲ့အတွက် သပြေခြံစိုက်ပျိုးသူတွေနဲ့သပြေငုတ်တူးလုပ်သားတွေ အခက်ကြုံနေရတယ်လို့ ပျဥ်းမနားမြို့ သပြေစိုက် တောင်သူတွေဆီကနေ သိရပါတယ်။အဲ့ဒီလို နှစ်ရှည်သပြေခြံတွေဖျက်လိုက်ရတဲ့အတွက်ငွေကြေးအရနစ်နာမှုတွေရှိခဲ့ကြပြီးတော့ သူတို့မကျွမ်းကျင်တဲ့ ရာသီပေါ်သီးနှံကမအောင်မြင်လို့ ဆုံးရှုံးမှုတွေထပ်ပြီးဖြစ်ပေါ်ခဲ့ကြတယ်လို့သပြေစိုက်တောင်သူတွေကတိုပါတယ်။ပျဥ်းမနားမြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်နဲ့နီးတဲ့မြို့ခံတွေက သပြေခြံကို နှစ်ရှည်အပင်အဖြစ်နဲ့ စီးပွားဖြစ်စိုက်နေကြပြီးတော့ အဲ့ဒီသပြေခြံတွေကနေ နှစ်တိုင်း ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိနေကြတာဖြစ်ပြီး ပျဥ်းမနားမြို့ဆင်ခြေဖုံးရပ်ကွက်တွေအပြင် ပျဥ်းမနားမြို့နယ်ထဲက ကျေးရွာတွေမှာလည်း သပြေခြံကိုအားထားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

news-view-count-icon

14