ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအပြောင်းအလဲကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမိန့်အမှတ် (၃/၂၀၂၆) အရ လက်ရှိပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့ပြီး၊ အမိန့်အမှတ် (၄/၂၀၂၆) ဖြင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရှိရပါသည်။ အဆိုပါ ပြောင်းလဲခန့်အပ်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
| 26 | 0 | 0 | 0 |


