မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှု မရှိသေးသော်လည်း ရောဂါသယ်ဆောင်ရာ လင်းနို့မျိုးစိတ်များ ရှိနေခြင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားမှုများရှိနေခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားရာဒေသများသို့ မလိုအပ်ဘဲ ခရီးမသွားရန်၊ အဆိုပါဒေသများမှ ပြန်လာပြီး ၁၄ ရက်အတွင်း ပြင်းထန်စွာဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းကဲ့သို့ သံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ကုသမှုခံယူရန် တိုက်တွန်းထားသည်။ ထို့ပြင် ပတ်ဝန်းကျင်၌ ဝက် သို့မဟုတ် လင်းနို့များ ထူးထူးခြားခြား သေဆုံးမှုရှိပါကလည်း အချိန်မီ အကြောင်းကြားရန် လိုအပ်ကြောင်း သိရှိရပါသည်။
နီပါးရ်ဗိုင်းရပ်စ်ရောဂါလက္ခဏာများခံစားရပါက ကျန်း မာရေးဌာန၌ လိုအပ်သည့်စစ်ဆေးကုသမှုများခံယူရန် ကျန်းမာရေးဝန်ကြီးဌာနအသိပေး
Jan 28 • 3:21 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


