back

ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်

Jan 28 • 2:45 AM

breaking-news

မြန်မာ

ရှမ်း

cover

ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်

ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၂၆ ရက်က ပညာရေ...

ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးပညာရေးဒီဂရီ‌ကောလိပ်ကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။ဇန်နဝါရီ ၂၆ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့အဆင့်မြှင့်တင်ရာတွင် ပညာရေးဒီဂရီကောလိပ် ငါးကျောင်းကို တက္ကသိုလ်အဆင့်မြှင့်တင်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိရမည်ဖြစ်ပြီး အဆောက်အအုံပိုင်းဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာတည်ဆောက် ရေးကိစ္စများလည်း ပြင်ဆင်ထားရမည်ဖြစ်သကဲ့သို့ သင်ကြားရေးကိစ္စများတွင်လည်း ပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏သင်ရိုးညွှန်းတမ်းများကို ညှိနှိုင်းရေးဆွဲရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းရေးဆွဲရာတွင် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အေးသာယာမြို့ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ‌နှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

14