back

ထိုင်းရောက် မြန်မာများ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုကမ်ပိန်းကို ပူးပေါင်းပါဝင်

Jan 28 • 2:44 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရောက် မြန်မာများ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုကမ်ပိန်းကို ပူးပေါင်းပါဝင်

ထိုင်းနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ကြောင်းပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုမှာ လုပ်မြန်မာနိုင်ငံသားတွေ ပူးပေါင်း ပါဝင်ပေးကြဖို့ ထိုင်းရောက် မြန...

ထိုင်းနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ကြောင်းပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုမှာ လုပ်မြန်မာနိုင်ငံသားတွေ ပူးပေါင်း ပါဝင်ပေးကြဖို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေက လှုံဆော်နေကြပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲ ဖြစ်ပွားခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတချို့ရဲ့ ဖြစ်စဥ်တွေအပြီး မြန်မာအရေးလှုပ်ရှားနေသူတွေက အခုလို ကမ်ပိန်းကို ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။အဲ့ဒီ ၁၄ ရက်ကြာအနေအထိုင် ဆင်ခြင်ရေးလှုပ်ရှားမှုဟာ အိမ်ရှင်ထိုင်းနိုင်ငံသားတွေရဲ့ ဥပဒေအတိုင်းမြန်မာနိုင်ငံသားတွေ၊ ရွှေ့ပြောင်းလုပ်သားတွေက ငြိမ်းချမ်းစွာ လက်ခံနေထိုင်ကြောင်းပြသဖို့ ရည်ရွယ်လုပ်ဆောင်တာလို့လည်း သိရပါတယ်။ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ ထိုင်းနိုင်ငံသားတွေအပေါ် ဆန္ဒပြ၊ အာဏာဖီဆန်တာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံသားတွေရဲ့အေးချမ်းစွာ အတူယှဥ်တွဲနေထိုင်တာကို ပြသဖို့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားတာကိုပြသဖို့ ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအရေးလုပ်ဆောင်နေတဲ့ ကိုရဲမင်း(AAC) ကလည်း ပြောပါတယ်။

news-view-count-icon

47