အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ ကော်လစစ်ခရိုင်အတွင်း မြန်မာ ဇနီးမောင်နှံထံကနေ ဘိန်းဖြူများဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်မှာ ကော်လစစ်ခရိုင် ထဲမှာ ဘိန်းဖြူ ဆပ်ပြာဗူး ၂၀ ဗူး နဲ့ တရားခံမြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းဆိုပါတယ်။အဆိုပါ မူးယစ်ဆေးများကို စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက်ဒေသခံများဖြစ်ကြတဲ့ ဒမ်ဇချင်း ( Damachin ) အသက် ၃၉ နှစ်နဲ့ဇနီးဖြစ်သူ ဒီမ်းဆီယာန်ချီန်း ( Dimsiangching) အသက် ၃၉ နှစ်တို့ထံကနေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ယင်းတရားခံနှစ်ဦးကို မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ အက်ဥပဒေဖြင့်အမှုဖွင့်ထားတယ် လို့သိရပါတယ်။မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုမှာ မြန်မာနိုင်ငံသားအများအပြားပါဝင် ဆက်နွယ်နေပြီး ဖမ်းဆီးခံမြန်မာနိုင်ငံသားများလည်း အများအပြားရှိနေပါတယ်။



