back

မလေးရှားတွင် ထိန်းသိမ်းခံခဲ့ ရသည့် မြန်မာ ၆၅ ဦး အပါအဝင် ၁၃၁ ဦးကို နေရပ်ပြန်ပို့

Jan 28 • 2:43 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားတွင် ထိန်းသိမ်းခံခဲ့ ရသည့် မြန်မာ ၆၅ ဦး အပါအဝင် ၁၃၁ ဦးကို နေရပ်ပြန်ပို့

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည့်မြန်မာနိုင်ငံသား ၆၅ ဦး အပါအဝင် အကျဉ်းသား၁၃၁ ဦးကို ဇန်နဝါရီ ၂၆ ရက်က ၎င်းတို့ ၏ မိခင...

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည့်မြန်မာနိုင်ငံသား ၆၅ ဦး အပါအဝင် အကျဉ်းသား၁၃၁ ဦးကို ဇန်နဝါရီ ၂၆ ရက်က ၎င်းတို့ ၏ မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားသည်။၎င်းတို့အားလုံးကို ကွာလာလမ်ပူ KLIA (1) နှင့် KLIA (2)အပြည်ပြည်ဆိုင်ရာ လေဆိပ်များအပြင် Rantau Panjang ICQS နယ်စပ်ဂိတ်တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၂ ဦး၊ထိုင်းနိုင်ငံသား ကိုးဦး၊ အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ နီပေါနိုင်ငံသား လေးဦး၊အီရတ်နိုင်ငံသား နှစ်ဦးနှင့် ယီမင်နိုင်ငံသား တစ်ဦးတို့အား ပြန်လည်ပို့ဆောင်ခဲ့ခြင်းကြောင်း သိရသည်။ပြန်လည် ပို့ဆောင်ခံရသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်အတွင်း နာမည်ပျက်စာရင်း

(Blacklist) သွင်းထားပြီး သတ်မှတ်ထားသော ကာလအတွင်း မည်သည့်အကြောင်းပြချက်နှင့်မျှ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

news-view-count-icon

7