back

နီပါးဗိုင်းရပ်စ် အန္တရာယ်ရှိတဲ့ ဒေသတွေကနေ လာမယ့် ခရီးသွားတွေအတွက် အဆင့် ၃ ဆင့်ပါ အစီအမံတွေ ထိုင်းအစိုးရချမှတ်

Jan 28 • 2:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

နီပါးဗိုင်းရပ်စ် အန္တရာယ်ရှိတဲ့ ဒေသတွေကနေ လာမယ့် ခရီးသွားတွေအတွက် အဆင့် ၃ ဆင့်ပါ အစီအမံတွေ ထိုင်းအစိုးရချမှတ်

နီပါးဗိုင်းရပ်စ် အန္တရာယ်ရှိတဲ့ ဒေသတွေကနေ လာရောက်မယ့် လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေအတွက် အဆင့် ၃ ဆင့်ပါဝင်တဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ထိုင်းနိုင်ငံ ရောဂါထိ...

နီပါးဗိုင်းရပ်စ် အန္တရာယ်ရှိတဲ့ ဒေသတွေကနေ လာရောက်မယ့် လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေအတွက် အဆင့် ၃ ဆင့်ပါဝင်တဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ချမှတ်လိုက်ပါတယ်။ အဓိကအချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ခရီးစဉ်မစတင်မီနဲ့ ပျံသန်းနေစဉ်ကာလမှာ လေယာဉ်အမှုထမ်းတွေအနေနဲ့ အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်ရမှာဖြစ်ပြီး ဖျားနာနေတဲ့ ခရီးသည်တွေပါလာရင် ဆေးကုသမှုလက်မှတ် (fit-to-fly) ပြသရမှာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ နေမကောင်းဖြစ်သူရှိရင် နေရာမရွှေ့ဘဲ သတ်မှတ်ခုံမှာပဲ နေရမှာဖြစ်သလို ဆင်းသက်မယ့် လေဆိပ်ကို ကြိုတင်အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ခရီးသည်အားလုံး T.8 ကျန်းမာရေးဖောင် ဖြည့်စွက်ရမှာပါ။ထိုင်းနိုင်ငံ သို့ ရောက်ရှိချိန်မှာ T.8 ဖောင်ကို တာဝန်ရှိသူတွေဆီ ပေးအပ်ရမှာဖြစ်ပြီး လေယာဉ်သန့်ရှင်းရေး စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ သံသယလူနာ တွေ့ရှိရင် လေယာဉ်ကို ပိုးသတ်သန့်စင်ရမှာပါ။ ရောဂါဖြစ်ပွားရာ ဒေသက လာတဲ့ လေယာဉ်တွေအတွက် သီးသန့်ရပ်နားမယ့်နေရာ၊ လူနာခွဲထားမယ့်နေရာနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို သတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။နယ်စပ်ဖြတ်ကျော် လူနာလွှဲပြောင်းမှုအနေနဲ့ Nipah ဗိုင်းရပ်စ် တွေ့ရှိထားတဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ ဆေးကုသဖို့ လာရောက်မယ့် လူနာတွေဟာ မလာရောက်ခင် PCR နည်းပညာနဲ့ ရောဂါပိုး စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ လက်ခံမယ့် ဆေးရုံအနေနဲ့လည်း ရောဂါထိန်းချုပ်ရေးဂိတ်နဲ့ ကြိုတင်ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဒီစည်းကမ်းချက်တွေဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး မလိုက်နာသူတွေကို ထိုင်းဘတ်ငွေ ၂၀,၀၀၀ အထိ ဒဏ်ရိုက်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ Kolkata ကနေ လာရောက်သူ ၁,၇၀၀ ခန့်ကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုး မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီး က ပြောကြားထားပါတယ်။


news-view-count-icon

11