ရှမ်းပြည်နယ် လောက်ကိုင်မြို့ကနေ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ချင်းရွှေဟော်အထိ ဆက်သွယ်ထားတဲ့ ၁၈ မိုင် (၃၀ ကီလိုမီတာ) အရှည်ရှိ လမ်းကို တိုးချဲ့ဆောက်လုပ်နေတယ်လို့ သိရပါတယ်။အရင်က ရှိပြီးသား လောက်ကိုင် - ချင်းရွှေဟော် လမ်းပိုင်းဟာ ကျဉ်းမြောင်းပြီး အရည်အသွေးမကောင်းတဲ့အတွက်ကြောင့် အဲဒီလမ်းပိုင်းကို ပြန်ချဲ့ပေးနေတာလို့ ကိုးကန့်ဒေသအတွင်း ခရီးသည်ဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ဇန်နဝါရီ ၂၇ ရက်အထိ လောက်ကိုင်မြို့အထွက် ဆိုင်းဘုတ်ကနေ ပါစင်ကျော်ကျေးရွာအနီးအထိ လမ်းဆောက်လုပ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
Jan 28 • 2:41 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


