back

ကားမတော်တဆမှုဖြစ်ခဲ့တဲ့ စပါးကစားသမားနှစ်ဦးစလုံး အကောင်းပကတိရှိတယ်လို့ သောမတ်စ်ဖရန့်ခ် အတည်ပြု

Jan 28 • 2:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကားမတော်တဆမှုဖြစ်ခဲ့တဲ့ စပါးကစားသမားနှစ်ဦးစလုံး အကောင်းပကတိရှိတယ်လို့ သောမတ်စ်ဖရန့်ခ် အတည်ပြု

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ကားမတော်တဆဖြစ်ခဲ့တဲ့ ကိုလိုမူအာနီနဲ့ အော်ဒိုဘတ်တို့ နှစ်ဦးစလုံး ဒဏ်ရာမရရှိခဲ့ဘဲ အကောင်းပကတိရှိတယ်လို့ အတည်ပြုပြောကြားခ...

စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်က မနေ့က ကားမတော်တဆဖြစ်ခဲ့တဲ့ ကိုလိုမူအာနီနဲ့ အော်ဒိုဘတ်တို့ နှစ်ဦးစလုံး ဒဏ်ရာမရရှိခဲ့ဘဲ အကောင်းပကတိရှိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။မူအာနီနဲ့ အော်ဒိုဘတ်တို့က ချန်ပီယံလိဂ်အဝေးကွင်းပွဲ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် လေဆိပ်ကို ကားတစ်စီးစီနဲ့ ထွက်ခွာလာရာမှာ ရှေ့ကမောင်းတဲ့ မူအာနီရဲ့ကား ရှေ့ဘီးပေါက်ပြီး မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။စပါးအသင်းဟာ ဒီနေ့ညမှာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ဖို့အတွက် ဂျာမနီနိုင်ငံကို သွားရောက်ခဲ့ခြင်းဖြစ်ပြီး မူအာနီနဲ့ အော်ဒိုဘတ်တို့က နောက်ကလိုက်ပါပူးပေါင်းရမယ်လို့ သိရပါတယ်။ဒါပေမဲ့ အခုလိုမျိုး ကားမတော်တဆမှုနဲ့ ရင်ဆိုင်ထားရတာကြောင့် ကစားခွင့်ရဖို့တော့ မသေချာကြောင်း သိရပါတယ်။

news-view-count-icon

19