စင်ကာပူနိုင်ငံ Sim Lim Square က နည်းပညာပစ္စည်း အရောင်းဆိုင်ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် Lin Da ဆိုသူဟာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ တရားမဝင် ကြည့်ရှုနိုင်တဲ့ စက်ပစ္စည်း (Illicit Streaming Devices) တွေကို ရောင်းချမှုနဲ့ ထောင်ဒဏ် ၄ လ ချမှတ်ခြင်း ခံလိုက်ရပါတယ်။ သူပိုင်ဆိုင်တဲ့ Simder Trading and Business ကုမ္ပဏီကိုလည်း ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄၀,၀၀၀ ပေးဆောင်ဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမျိုးသားဟာ ၂၀၁၈ ခုနှစ်ကတည်းက တရုတ်နဲ့ ဟောင်ကောင်တို့ကနေ အဲ့ဒီစက်တွေကို တင်သွင်းပြီး သူ့ရဲ့ MengXin Tech ဆိုင်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ဒီစက်တွေကို ဝယ်ယူတဲ့ ဖောက်သည်တွေအတွက် Lin ဒါမှမဟုတ် သူ့ရဲ့ ဝန်ထမ်းတွေက မူပိုင်ခွင့်မရှိဘဲ တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Application တွေကို ထည့်သွင်းပေးလေ့ရှိပါတယ်။ အဲ့ဒီကနေတစ်ဆင့် Premier League ဘောလုံးပွဲစဉ်တွေအပြင် Disney နဲ့ Warner Bros တို့က ထုတ်လုပ်တဲ့ နာမည်ကြီးရုပ်ရှင်တွေကို အခမဲ့ ကြည့်ရှုနိုင်အောင် ဖန်တီးပေးခဲ့တာပါ။စုံစမ်းချက်တွေအရ သူဟာ စက်တစ်လုံးရောင်းရရင် အမြတ်ငွေ ဒေါ်လာ ၄၉ ကနေ ၆၀ အထိ ရရှိပြီး တစ်လကို စုစုပေါင်း အမြတ်ငွေ ဒေါ်လာ ၄,၀၀၀ ကနေ ၅,၀၀၀ အထိ ရရှိနေတာ ဖြစ်ပါတယ်။တကယ်တော့ Premier League အဖွဲ့ချုပ် (FAPL) က ၂၀၂၀ ခုနှစ်ကတည်းက ဒီလုပ်ရပ်ဟာ တရားမဝင်ကြောင်းနဲ့ ချက်ချင်းရပ်တန့်ဖို့ သတိပေးစာ ပေးပို့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ Lin ဟာ ဥပဒေကို ဂရုမစိုက်ဘဲ ဆက်လက်ရောင်းချနေခဲ့တာကြောင့် ၂၀၂၂ ခုနှစ်မှာ အာဏာပိုင်တွေက Sim Lim Square ကို ဝင်ရောက်စီးနင်းပြီး စက်ပစ္စည်းပေါင်း ၃၀၁ လုံးကို သိမ်းဆည်းကာ ဖမ်းဆီးခဲ့တာပါ။ 
စင်ကာပူတွင် Premier League ပွဲစဉ်တွေကို အလကားကြည့်လို့ရတဲ့ စက်တွေရောင်းတဲ့ Sim Lim Square က ဆိုင်ရှင် ထောင်ဒဏ် ချမှတ်ခံရ
Jan 28 • 2:36 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


