back

၂၀၂၆ Ballon d'Or ဆုကို အမ်ဘာပေ ရရှိလိမ့်မယ်လို့ ဆက်ဂ်ညာ ခန့်မှန်း

Jan 28 • 2:37 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ Ballon d'Or ဆုကို အမ်ဘာပေ ရရှိလိမ့်မယ်လို့ ဆက်ဂ်ညာ ခန့်မှန်း

၂၀၂၆ Ballon d'Or ဆုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ရရှိလိမ့်မယ်လို့ အာဆင်နယ်နဲ့ ပြင်သစ်နောက်ခံလူဟောင်း ဆက်ဂ်ညာက ခန့်မှန်းခဲ့ပါတယ်။အမ်ဘာပေဟာ Ballon d'Or ဆုမှာ အက...

၂၀၂၆ Ballon d'Or ဆုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ရရှိလိမ့်မယ်လို့ အာဆင်နယ်နဲ့ ပြင်သစ်နောက်ခံလူ

ဟောင်း ဆက်ဂ်ညာက ခန့်မှန်းခဲ့ပါတယ်။အမ်ဘာပေဟာ Ballon d'Or ဆုမှာ အကောင်းဆုံးရပ်တည်မှုအဖြစ် ၂၀၂၁ ခုနှစ်က တတိယနေရာ ရရှိခဲ့ပြီး

၂၀၂၅ မှာတော့ အဆင့်ခုနစ်နေရာသာ ရရှိခဲ့ပါတယ်။၂၀၂၆ Ballon d'Or ဆုအတွက် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေအပြင် ကမ္ဘာ့ဖလားပါရှိနေလို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားပါပဲ။အမ်ဘာပေဟာ ဆယ်ကျော်သက်ဘဝက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ဗိုလ်စွဲခဲ့ပေမဲ့ ပြည်တွင်းရလဒ်မကောင်းလို့ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။အမ်ဘာပေဟာ ၂၀၂၆ ဆုအတွက် ဟာလန်း၊ ဟာရီကိန်း၊ ယမားလ်တို့နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။၂၀၂၅ Ballon d'Or ဆုကိုတော့ ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီက ဆွတ်ခူးခဲ့ပါတယ်။

news-view-count-icon

14