back

စင်ကာပူ Geylang တွင် ဘရိတ်ခဏခဏနင်းပြီး လမ်းပိတ်ဆို့ခဲ့တဲ့ ကားတစ်စီးရဲတိုင်ချက်ဖွင့်ခံရ

Jan 28 • 2:35 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Geylang တွင် ဘရိတ်ခဏခဏနင်းပြီး လမ်းပိတ်ဆို့ခဲ့တဲ့ ကားတစ်စီးရဲတိုင်ချက်ဖွင့်ခံရ

စင်ကာပူနိုင်ငံ Geylang Road ပေါ်မှာ ကားမောင်းသူတစ်ဦးဟာ အများပြည်သူစီးနင်းလိုက်ပါလာတဲ့ SBS Transit ဘတ်စ်ကားတစ်စီးကို တမင်သက်သက် အရှိန်လျှော့ပြီး လမ်းပိတ်ဆို့ခဲ့တ...

စင်ကာပူနိုင်ငံ Geylang Road ပေါ်မှာ ကားမောင်းသူတစ်ဦးဟာ အများပြည်သူစီးနင်းလိုက်ပါလာတဲ့ SBS Transit ဘတ်စ်ကားတစ်စီးကို တမင်သက်သက် အရှိန်လျှော့ပြီး လမ်းပိတ်ဆို့ခဲ့တာကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံလိုက်ရပါတယ်။ကားမောင်းသူဟာ ဘတ်စ်ကားရဲ့ ရှေ့ကနေ အရှိန်လျှော့မောင်းနေရုံတင်မကဘဲ ဘတ်စ်ကားက ခရီးသည်တင်ဖို့အတွက် ဘတ်စ်ကားမှတ်တိုင်ရှိရာ ဘယ်ဘက်လမ်းကြောထဲကို ကွေ့ဝင်တဲ့အခါမှာလည်း ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဘတ်စ်ကားမှတ်တိုင်အတွင်းမှာတင် ဘတ်စ်ကားရဲ့ အရှေ့တည့်တည့်ကနေ ထိုးရပ်လိုက်ပါတယ်။ အဲ့ဒီနေရာဟာ Masjid Haji Mohd Salleh ဗလီရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဘတ်စ်ကားဂိတ်ဖြစ်ပြီး ကားမောင်းသူရဲ့ လုပ်ရပ်ဟာ ဥပဒေအရ လုံးဝတရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်‌။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး SMRT ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကားမောင်းသူဟာ ဘတ်စ်ကားရဲ့ လမ်းကြောင်းထဲကို ရုတ်တရက် ဖြတ်ဝင်ခဲ့ရုံတင်မကဘဲ အရှေ့မှာ ဘာအတားအဆီးမှ မရှိဘဲ ဘရိတ်ကို ခဏခဏ နင်းပြီး အနှောင့်အယှက်ပေးခဲ့တာလို့ အတည်ပြုထားပါတယ်။ ဒီလိုလုပ်ရပ်ဟာ လမ်းအသုံးပြုသူတွေနဲ့ ဘတ်စ်ကားပေါ်က ခရီးသည်တွေအတွက် အန္တရာယ်ရှိစေတာကြောင့် ကုမ္ပဏီဘက်က ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး လက်ရှိမှာ စင်ကာပူရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

news-view-count-icon

6