back

ထိုင်းတွင် ရွှေဆိုင်အချို့ ပိတ်ရမည့် အခြေအနေရှိနိုင်ဟု ရွှေအသင်းဥက္ကဋ္ဌဆို

Jan 28 • 2:34 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ရွှေဆိုင်အချို့ ပိတ်ရမည့် အခြေအနေရှိနိုင်ဟု ရွှေအသင်းဥက္ကဋ္ဌဆို

ရွှေဈေးတစ်ဘတ်လျှင် ဘတ် ၇၀,၀၀၀ ကျော်လာသဖြင့် ထိုင်းနိုင်ငံတွင် ရွှေဆိုင်အချို့ ပိတ်သိမ်းရနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရွှေကူးသန်းရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ဇန်နဝါ...

ရွှေဈေးတစ်ဘတ်လျှင် ဘတ် ၇၀,၀၀၀ ကျော်လာသဖြင့် ထိုင်းနိုင်ငံတွင် ရွှေဆိုင်အချို့ ပိတ်သိမ်းရနိုင်ဖွယ်ရှိနေကြောင်း ထိုင်းရွှေကူးသန်းရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌက ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားလိုက်သည်။ယင်းကဲ့သို့ မထင်မှတ်ထားလောက်အောင် ရွှေဈေး မြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ရွှေဆိုင်‌ဒါဇင်ပေါင်းများစွာ ပိတ်သိမ်းရနိုင်ခြေရှိကြောင်း ဥက္ကဋ္ဌ Jitti Tangsitpakdee က ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထိုင်းရွှေဈေးသည် တစ်ဘတ်လျှင် ဘတ် ၇၄,၄၀၀ ကျော်နေပြီဖြစ်ပြီး၊ ဇန်နဝါရီလ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ ထိုင်းရွှေဈေး ဘတ် ၇၀,၀၀၀ ကျော်လာခြင်းဖြစ်သည်။အခေါက်ရွှေဝယ်ယူမှု ပိုများလာပြီး ရွှေထည်ပစ္စည်း ဝယ်လိုအား ကျဆင်းလာခြင်း၊ ရွှေစျေးကောင်းနေသဖြင့် ပေါင်နှံခြင်းထက် ပြန်ရောင်းသူ ပိုများလာသဖြင့် ရွှေအပေါင်လုပ်ငန်းများ၏ ဝင်ငွေနည်းလာခြင်းတို့ကို ရွှေဆိုင်များကြုံနေရကြောင်း ၎င်းက ပြောသည်။လက်ရှိတွင် ဈေးကွက်အတွင်း အရှုံးပေါ်သဖြင့် ဆိုင်များ ပိတ်ခြင်းမဟုတ်ဘဲ၊ ရွှေဈေးအတက်ကြမ်းနေသည့်အချိန် အကျိုးအမြတ်ရယူရန် လုပ်ငန်းရပ်နားဖို့ ဆုံးဖြတ်ကြခြင်းမျိုးဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။

news-view-count-icon

13