နေပြည်တော်တွင် ဇန်နဝါရီ ၂၇ရက်က
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ သတ္တုကျိုချက်သန့်စင်စမ်းသပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အခြေခံကုန်ကြမ်းရရှိမှု၊ ကျိုချက်ရေးပစ္စည်းများနှင့် လုပ်ငန်းစဉ်များ၊ ထွက်ရှိလာသော ထုတ်ကုန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ္တုကုန်ကြမ်းများမှ တန်ဖိုးမြှင့်ကုန်ချောထုတ်ကုန်များ ရရှိအောင် ပြည်တွင်း၌ စမ်းသပ်ထုတ်လုပ်နေမှုကို အထူးအားပေးပါကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ယခုစမ်းသပ်လည်ပတ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျိုချက်သန့်စင်မှုလုပ်ငန်းအဆင့်ဆင့်ကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားကာ စမ်းသပ်စက်ရုံအတွင်း ဆောင်ရွက်နေသော လုပ်ငန်းအဆင့်ဆင့်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။



